Travel

Sunday, November 7, 2021

အရှေ့မြင် အနောက်မြင် တောင်

 

တောင်ဇလပ်တွေရှိရာ အရပ်ဆီ 🌺🌺🌺


အားလုံးပဲ မင်္ဂလာပါ......


အခု ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမှာရှိတဲ့ တောင်ဇလပ်ပန်းတွေပွင့်ဖူးပြီး ပင်လယ်မျက်နှာပြင် အထက် အမြင့်ပေ (၇၇၅၂) ပေရှိတဲ့ အရှေ့မြင် အနောက်မြင်တောင် ဖြစ်ပါတယ်။


တောင်တက်တဲ့အဖွဲ့သီးသန့်တွေလဲရှိပါတယ် သူတို့တွေနဲ့ ချိတ်ဆက်လို့လဲရပါတယ် အဲ့လိုအဖွဲ့တွေကတော့ တောင်တက်တော့မယ်ဆိုရင် မသွားခင် Training တွေလုပ်ရပြီး သေချာလေး စည်းကမ်းတကြတက်ကြတဲ့ ဝါသနာရှင်အဆင့်တွေလေည်းရှိပါတယ်။



အရှေ့မြင် အနောက်မြင်တောင်ဆိုတာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၇၇၅၂) ပေရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမှာ တည်ရှိပါတယ်။ ဆောင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလကနေစပြီးတော့ မတ်လအကုန်ထိ တောင်ဇလပ်ပန်းတွေ ရဲရဲနီ အောင်ပွင့်ပြီး သိပ်ကိုသာယာလှပတဲ့ တောင်တန်း တစ်ခုဖြစ်ပါသည်။အရှေ့မြင်အနောက်မြင်တောင်ကို တက်မယ်ဆိုရင် တောင်တက်လမ်း (၄/၅) လမ်းလောက်ရှိပါတယ်။ ထက်နိုင်ထွန်းတို့တက်ခဲ့တာကတော့ မြိုင်ရွာဘက်လမ်းကတက် ပြီး အဆင်းလမ်းကိုတော့ မြစေတီလမ်းဘက်ကနေ ဆင်းခဲ့တာပါ။

ယူကလစ်တန်း




ကျွန်တော်တို့ဒေသကိုလာရောက်မယ်ဆိုလျှင် အရင်ဆုံးအနေနှင့် ယကြီးရွာ အနောက်ဘက်ပဲရင်းတောင်နှင့်လွှစင်အကြားရှိ ယူကလစ် သင်ပင်တန်းလှလှလေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ထိုနေရာတွင် အရမ်းကိုလှပပြီးလှလှပပ ဓာတ်ပုံ များကိုဖန်တီးနိုင်ပါသည် ။



အရမ်းကိုလှပပြီး သဘာ၀ကျကျ ဓာတ်ပုံရိုက်ချင်သူများ အတွက် အဆင်ပြေပါသည်။မနက်စောစော လမ်းထွက်လျောက်ချင်သူများ အတွက် လေကောင်းလေသန့်ကောင်းကောင်ရှူချိတ်နိုင်ပါသည်။


Saturday, November 6, 2021

Tait Lope Kya Waterfall




 တလုတ်ချ ရေတံခွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ထန်းလှပင်ကျေးရွာနှင့်ကျောက်ကူတိ ကျေးရွာ မြောက်ဘက်တွင် တည်ရှိပါသည်။ ရေတံခွန်သို့ သွားလာရန် အဆင်ပြေစေရန် ကျေးရွာများတွင် လမ်းပြများကို ငှားရမ်းနိုင်ပါသည်။
ရေတံခွန်တွင် အလုပ်ပိတ်ရက် သို့မဟုတ် အားလပ်ရက်တွင် အေးချမ်းစွာ သွားရောက် အနားယူနိုင်ပါသည်။

ရေတံခွန်သို့လာရောက်လည်ပတ်သူများကို အဆင်ပြေစေရန် သေးငယ်သော စားသောက်ဆိုင် နှင့် အသေးစားmotel များလည်းရှိပါသည်။ရေတံခွန်တွင် အေးဆေးစွာရေဆော့ကစားနိုင်ပြီး ငြိမ်ချမ်းစွား အနားယူနိုင်ပါသည်။

Thursday, November 4, 2021

The beauty of the blue lake




 ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ တောကျယ်ကျေးရွာအတွင်းရှိ လိမ္မော်သီးစားသုံးသည့် ထူးဆန်းသော ငါးများရှိရာ မြသပိတ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်သို့ ယခုနှစ်ဆန်းပိုင်းတွင် လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုများပြားလာကြောင်း ဒေသခံတိုင်းရင်းသားများက ပြောကြားသည်။

ထို့ပြင် အဆိုပါရွာငံဒေသ တောကျယ်ကျေးရွာအနီးရှိ အပြာရောင်သမ်းနေသည့် မြသပိတ်ရေပြာအိုင်သို့ သွား ရောက်ကာ လိမ္မော်သီးများကို နှစ်သက်စွာ စားသုံးသည့် အမျိုးအမည်မသိသေးသော ထူးဆန်းသည့် ငါးများကို လိမ္မော်သီးများကျွေး၍ လေ့လာကြည့်ရှုနိုင်ပါသည်။


ရေပြာအိုင်အနောက်ဘက်ရှိ ချောက်ကမ်းပါးယံတွင် စီးဆင်းနေသော တောကျယ်ရေတံခွန်အောက်ခြေရှိ ရေကန်ငယ်အတွင်း ရေကစားခြင်းနှင့် အလှဓာတ်ပုံရိုက် ကူး ခြင်းများပြုလုပ်လို့ရပါသည်။